နေပြည်တော် ၆ အောက်တိုဘာ
အောက်တိုဘာ ၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်က ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ် ဘောနတ်ကြီးကျေးရွာအထွက် ဘုရားကြီး-ဇောင်းတူကားလမ်းပေါ်၌ စစ်ဆေးမှုများ ဆောင်ရွက်နေချိန် စိုးမိုး မောင်းနှင်ပြီး မဇာခြည်ထိုက်နှင့် အောင်အောင်ဖြိုး တို့ လိုက်ပါလာသည့် 2J/---- Mark II ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏တူးဘောက်အတွင်းမှ ဩစတြေးလျနိုင်ငံထုတ် Glock 17 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခု၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၈ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့် ဝ.ဝ၀၄ ကီလိုနှင့် ငွေ ၁၁၁,၆၀ဝ ကျပ်တို့အား သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိ လက်နက်ခဲယမ်းများကို သီပေါမြို့နေ စိစစ်ဆဲ ရှမ်းအမျိုးသား ၁ ဦးထံမှ လည်းကောင်း၊ မူးယစ်ဆေးဝါးများကို မရမ်းကုန်းမြို့နေ စိစစ်ဆဲ အမျိုးသား ၁ ဦးထံမှ လည်းကောင်း ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် စိုးမိုး (၃၉) နှစ်၊ မဇာခြည်ထိုက် (၃၉) နှစ် နှင့် အောင်အောင်ဖြိုး (၂၄) နှစ် တို့ ၃ ဦးအား လက်နက်အက်ဥပဒေဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
သတင်းစဉ်