ပဲခူး ၂၇ ဧပြီ
ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာစောညိုဝင်းသည် ဧပြီလ(၂၇)ရက် နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ပေါ်တွင်ဖွင့်လှစ်ထားရှိသည် ယာယီဈေးများသို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍
အသိပညာပေးခြင်းများပြုလုပ်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ ၊ ပဲခူးမြို့နယ စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပဲခူးမြို့ သွန်းဘုရားရပ်ကွက်ရှိ ယာယီအခွန်လွတ်ဈေး နှင့် မှော်ကန်(၁)လမ်းရှိ ယာယီအခွန်လွတ်ဈေးများသို့ သွားရောက်ကာ ဈေးရောင်းသူများနှင့် ဈေးဝယ် လာရောက်သူများအား COVID 19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားအမိန့်/ညွှန်ကြားချက်များနှင့်အညီ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြသည့်အပြင် နှာခေါင်းစည်း Mask များကိုလည်း ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)
