ပဲခူး ၂၉ စက်တင်ဘာ
ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး COVID-19ရောဂါ ကာကွယ်တိုက်ဖျက်ရေးတွင် လိုအပ်သည့် နေရာ၌ အသုံးပြုနိုင်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက အလှူရှင် အသီးသီးမှ အလှူငွေများ၊ ဆန်နှင့်ဆီများလာရောက် လှူဒါန်းပေးကြကြောင်း သိရသည်။
လှူဒါန်းမှုပြုလုပ်ကြရာတွင် ပဲခူးမြို့ ဈေးပိုင်း၊ လမ်း(၂၀)မှ ဦးဉာဏ်စူး+ ဒေါ်ကျင်သန်း (ရွှေမေတ္တာ ရတနာရွှေဆိုင်) မိသားစုက အလှူငွေကျပ်သိန်း(၁၀ဝ)၊ ဦးမြင့်စိန်+ဒေါ်ကျင်မူ(ချိုရတနာရွှေဆိုင်) မိသားစုက ငွေကျပ်သိန်း(၃၀)၊ သီရိဖက်ရှင်နှင့်စတိုးမိသားစုက အလှူငွေ(၁၀)သိန်း၊ သဒ္ဓမ္မ မာမက ကုသိုလ်တော် အဖွဲ့က အလှူငွေ(၁၅၈၀ဝ၀ဝ)၊ ရွှေချည်ငွေချည်ဖက်ရှင်မိသားစုက ငွေကျပ်(၁၀) သိန်း၊ ဦးသိန်းအောင် မိသားစုက ငွေကျပ်(၁၀)သိန်း၊ ဦးဖိုးထောင်(လင်းဆေးဆိုင်)မိသားစုက ငွေကျပ် (၁၅)သိန်း တို့အား လာရောက်လှူဒါန်းပေးကြသည်။
ထို့အပြင် ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသက ငွေကျပ်(၂၅)သိန်း (၅)သောင်းတန်ဖိုးရှိ ဆန်အိတ်(၃၀ဝ)၊ ဆယ်မိုင်ကုန်းဓမ္မဒူတတောရ သာသနာ့ရိပ်သာ နှင့် ဓမ္မဒူတ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တပညိဿရာဘိဝံသက (၂၄)ပြည်ပါဆန်အိတ်(၂၀)၊ ပဲခူးမြို့ဈေးပိုင်း (၁၈)လမ်းနေ ဦးကြီးဟို ကုန်စုံဆိုင်မိသားစု၊ လမ်း(၂၀)နေဦးအောင်ဇော်ရွှေဆိုင်နှင့် ဖူဂျီဓာတ်ပုံတိုက် မိသားစုတို့က ငွေကျပ်(၁၄၈၈၀ဝ၀)တန်ဖိုးရှိ ဆီ(၄၆၅)ပိဿာတို့အား လာရောက် လှူဒါန်းပေးကြရာ ဆေးရုံအုပ်ကြီးဒေါက်တာရန်နိုင်မောင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)