ပဲခူး      ဇူလိုင်   ၁၈

 

ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်နေသော  Oxygen များ ထုတ်လုပ်ဖြည့်ဆည်း‌ပေးနိုင်ရေးအတွက် Oxygen Plant စက်သစ်ကြီးအား ဇူလိုင် ၁၅ ရက်မှစတင် တပ်ဆင်ခဲ့ရာ ဇူလိုင် ၁၈ ရက်တွင် ပြီးစီးသွားပြီဖြစ်သဖြင့် Oxygen များ စတင်ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ  Oxygen Plant စက်သစ်ကြီးသည် တစ်ရက်လျှင် လီတာ ၄၀ အိုး အလုံး ၆၀ ခန့် ထွက်ရှိ မည်ဖြစ်‌သဖြင့် ပဲခူး‌မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ တက်ရောက်ကုသနေသည့် Oxygen လိုအပ်သော လူနာများအတွက် Oxygen အလုံအလောက်ပေးနိုင်မည်ဖြစ်သည့်အပြင် ပဲခူးခရိုင်အတွင်းရှိ မြိုနယ်အသီးသီးမှ ပြည်သူ့ဆေးရုံများ၏ Oxygen လိုအပ်ချက်ကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ‌Oxygen‌ ပေးရန် လိုအပ်လျက်ရှိသည့်‌လူနာများအတွက် Oxygen‌ အခက်အခဲမရှိ‌စေရန် ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့အပြင် အခြားခရိုင်မြို့ကြီးများဖြစ်သည့် သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ တောင်ငူခရိုင်၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတို့တွင်လည်း Oxygen Plant စက်သစ်ကြီးများ တပ်ဆင်နိုင်ရေး မှာယူထားပြီး ဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)