ပဲခူး ၂၅ ဇူလိုင်

 

ပဲခူးမြို့ ရှင်စောပုရပ်ကွက် ဆိုရှယ်လစ် ()လမ်းတွင် ယနေ့ မွန်းတည့် ၁၂ နာရီက အလှူရှင်မိသားစုများ စုပေါင်း၍ ပဲခူးမြိုရှိ ဆိုက်ကားသမားများအား အခြေခံစားကုန်များ လှူဒါန်းပေးခဲ့သည်။

       

ထိုသို့လှူဒါန်းရာတွင် ကွယ်လွန်သူ ဦးလှကြည်အားရည်စူး၍ မနွယ်နီဝင်း၏ မွေးနေ့အမှတ်တရ စုပေါင်းအလှူတော် အဖြစ် ပဲခူးမြို့ရှိ ဆိုက်ကားသမား (၅၀၀) ကျော်အတွက် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးသေတ္တာများအပြင် ရေသန့်၊ Masks အလှူငွေ၊ ထီလက်မှတ်၊  ​နဂါးမောက်သီး စသည်တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

     

ပဲခူးမြို့တွင် ကိုဗစ်-၁၉  ရောဂါကာလအတွင်း စားရေးအတွက် အထောက်အကူဖြစ်စေရန် မဟာသုခ ချမ်းမြေ့ဇေယျာ ဓမ္မစကူးလ်အဖွဲ့မှ ဦးဆောင်၍ စေတနာရှင်များစုပေါင်းကာ ပထမအကြိမ်လှူဒါန်းပေးခဲ့ပြီး ယခုဒုတိယအကြိမ် လှူဒါန်းရာတွင် အလှူရှင်မိသားစုအား မဟာသုခချမ်းမြေ့ဇေယျာ ဓမ္မစကူးလ်အဖွဲ့သားများ၊ ပဲခူးမြို့ ဝန်းရံပရဟိတ အဖွဲ့များမှ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)

 

IMG_1586