ပဲခူး စက်တင်ဘာ ၁၂

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ စာသင်တိုက်အတွင်း သီတင်းသုံးတော်မူကြသည့် ဆရာတော်/သံဃာတော်များအတွက် ဆန်အိတ်(၅၀)၊ ဆီပိဿာ (၂၄၀)၊ ကုလားပဲ(၄)အိတ်နှင့် ဆား(၄)အိတ်တို့ကို ပဓာနနာယက ဆရာတော်ထံသို့ လည်းကောင်း၊ ပဲခူးမြို့ သာသနာ့ဇောတိက ပရိယတ္တိစာသင်တိုက်သို့ ဆန်အိတ် (၃၀) ၊ ဆီပိဿာ(၁၄၀)၊ ကုလားပဲ(၂)အိတ်နှင့် ဆား(၂)အိတ်တို့ကိုလည်းကောင်း၊ ဝင်းနိမ္မိတာရုံ ပရိယတ္တိစာသင်တိုက်သို့ ဆန်အိတ်(၃၀)၊ ဆီပိဿာ (၁၅၀)၊ ကုလားပဲ(၂) အိတ်နှင့် ဆား(၂)အိတ်တို့ကိုလည်းကောင်း၊ သာမဏေကျော် ပရိယတ္တိစာသင်တိုက်သို့ ဆန်(၅၇) အိတ်၊ ဆီပိဿာ(၂၈၀)၊ ကုလားပဲ(၅)အိတ်နှင့် ဆား(၅) အိတ်တို့ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

 

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (၃၉)မိုင်အနီး ဘောနတ်ကြီး-ဘုရားကြီးသွားလမ်းပေါ်ရှိ လုံခြုံရေးနှင့် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)