ပဲခူး ၂၃ မေ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ် ဦးဆောင်ပြီး မေ ၃ ရက်မှစတင်၍ စီမံချက်ကာလ ၁၈ လ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုဇယား မရှိသေးသည့် အိမ်ထောင်စုများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား ပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်ထံမှ သိရသည်။
ပဲခူးမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စုများမှ လူဦးရေ ၁၀၀၀၀ ကျော်ရှိပြီး လူဦးရေ ၉၀၀ ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိသည်။
ဌေးဌေးကြည် (ခရိုင် ပြန်/ဆက်)


