ပဲခူး ဩဂုတ် ၈

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါလူနာများ အသုံးပြုရန်အတွက် ပဲခူးပြည်သူ့ဆေးရုံကြီး အောက်ဆီဂျင်ဖြန့်ဖြူးရေးဌာနသို့ အောက်ဆီဂျင်၄၀ လီတာအိုး အလုံး(၂၅၀) ရောက်ရှိဖြန့်ဖြူးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အောက်ဆီဂျင်အိုးများကို တရုတ်နိုင်ငံမှ ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့ အစီအစဉ်ဖြင့် မှာယူခဲ့ခြင်း ဖြစ်ပြီး ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော ခရိုင်၊ မြို့နယ်များသို့ စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မျိုးမင်းထွန်း (ပြန်/ဆက်)