နေပြည်တော် ၂၆ ဇန်နဝါရီ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်မှုအား (၁၀)နှစ် ရပ်ဆိုင်းထားသော်လည်း တရားမဝင် သစ်ခိုးယူထုတ်လုပ်မှုများ ရှိသည့်အတွက် နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာ ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးရိုးမ ဖြူးကွန်းကြိုးဝိုင်းအတွင်းရှိ အုတ်တွင်းမြို့နယ်မှ တရားမဝင် ကျွန်းသစ် ၂၂ ဒသမ ဝ၁၆ တန်၊ ကျွန်းယောင်ခြမ်း ၂၁ ဒသမ ဝ၆၄ တန်၊ ပျဉ်းကတိုးခွဲသား သုည ဒသမ ၁၁ တန်နှင့် ဖြူးမြို့နယ်မှ တရားမဝင်ကျွန်းသစ် ၁၅ ဒသမ ၄၇၁ တန်၊ ကျွန်းယောင်ခြမ်း ၅ ဒသမ ၁၃၅ တန်၊ တရားမဝင်ကျွန်းနှင့် ပျဉ်းကတိုး စုစုပေါင်း ၆၃ ဒသမ ၇၉၆ တန်ကို ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနမှ သတင်းရရှိသည်။

မောင်ရင်မောင်

 

mdn