ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့အနောက်ဘက်ခြမ်း သောက်သုံးရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများနှင့် နွေစပါးစိုက်ပျိုးရန် ဆည်ရေရရှိရေးဆောင်ရွက်ထားရှိမှုများအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်လွဲပိုင်းက ကွင်းဆင်းကြည့်ရှု့ခဲ့သည်။
ကြို့ပင်ကောက်မြို့အနောက်ဘက်ခြမ်း ဘုကြီးကျေးရွာမှ ယခင်က လေးလက်မတွင်းဖြင့် ရေးပေးဝေခဲ့ရာ သောက်သုံးရေ ရရှိမှုနည်းပါးသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ၈ လက်မတွင်းတစ်ခုနှင့် ဆက်စပ်စက်ပစ္စည်းများ နွယ်ခွေရပ်ကွက်တွင်ရေပို့လွှတ်ပေးမည့် ရေစုကန် ရေစက်ရုံနှင့် ဂါလံနှစ်သောင်းဆံ့ရေစင်တို့အား ထပ်မံချထားပေးခဲ့ရာ အိမ်ခြေ ၃၂၀ အား သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား ပြည်သူများသန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိစေရေးအတွက် အထူးကရုစိုက်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်ပင်သာကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာအုပ်စုတို့အတွင်း နွေစပါးစိုက်ပျိုးရန်အတွက် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ ကျပ် ၉၆ သိန်းဖြင့်အကောင် အထည်ဖော်ဆောင်ရွက်သော ကျွဲဘိအောင်ပင်သာ ရေသွယ်မြောင်းပေ ၈၀၀၀ အား ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲသည်။
အဆိုပါ ကျွဲဘိအောင်ပင်သာရေသွယ်မြောင်းအား ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး မတ်လ ၁ ရက်နေ့တွင် ဘော်ဘင်မြောင်းမကြီးအမှတ် ၄ မှရေစတင်ပို့လွှတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဆည်ရေဖြင့် နွေစပါးစိုက်ဧက ၁၄၀ အား စိုက်ပျိုးနိုင်ရေးအတွက် ရေဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ထားကြောင်း တာဝန်ယူတည်ဆောက် ပေးနေသော မြို့နယ်ဆည်မြောင်းဦးစီးဌာန တည်ဆောင်ရေး-၂ မှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)