ပဲခူး၊ ၁၄  ဇွန်

           

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အတွင်းရှိ တည်ဆောက်လျက်ရှိသော ပဲခူးတိုင်းဒေသကြီး၊ အလေးမ လေ့ကျင့်ရေးအားကစားခန်းမနှင့် တိုင်း လက်ရေွးစင် အားကစားသမားများ စခန်းသွင်းလေ့ကျင့်ဆောင်တည်ဆောက်မှု ၄၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

           

ပဲခူးတိုင်းဒေသကြီး အလေးမ လေ့ကျင့်ရေးအားကစားခန်းမနှင့် တိုင်းလက်ရေွးစင် အားကစားသမားများ စခန်းသွင်းလေ့ကျင့်ဆောင်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၂၄.၆၄ သန်းဖြင့် Art Wave Co.Ltd., ကုမ္ပဏီမှတာဝန်ယူကာ ၆.၄.၂၀၂၁ ရက်နေ့မှ စတင်တည်ဆောက်သည့် အလျားပေ ၆၀၊ အနံပေ ၄၀ RC(အာစီ) နှစ်ထပ် အဆောက်အဦဖြစ်ပြီး လာမည့် စက်တင်ဘာ ၃၀ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးငြိမ်း(ခရိုင်ပြန်/ဆက်)