ပဲခူး ၁၅ ဧပြီ
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ အား သက်ဆိုင်ရာခရိုင်အလိုက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ဧပြီလ(၁၄)ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပဲခူးခရိုင်အတွင်းရှိ Facility Quarantine (၂၄၉)ခု၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံ သား(၁၉၇၈)ဦးအား ကျန်းမာရေး စောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၄)ဦးအား ဆေးကုသမှု ခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၅၇)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား (၁၄၀၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ်(၃)ဦးအား ဆေးကုသမှု ခံယူ နေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၂၃၂)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား (၁၇၂၅)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၇)ဦး ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၇၇)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၄၅၄)ဦးရှိပြီး ဆေးရုံတွင် သံသယလူနာ(၄)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်ဟု အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခု၌ Facility Quarantine (၇၁၅)ခုဖွင့်လှစ်ထားရှိပြီး အဆိုပါ စခန်းများတွင် ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၅၅၆၁)ဦးရှိရာ သံသယလူနာ(၁၈)ဦးရှိပြီး သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)