ပဲခူး၊ ၂၀ မေ

ပဲခူးမြို့နယ် အိုးဘိုကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာတွင် မေ ၂၀ ရက် နံနက် ၈ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ၁၁/၀.၄‌ KV၊ (၂၀၀)KVA ဓာတ်အားခွဲရုံ (၁)ရုံနှင့် ၁၁ KV ဓာတ်အားလိုင်း (၁၀၈၀)ပေအား 10M Concrete Pole, ACSR 95mm2 ဖြင့် လက်ရှိ (၄၀၀)ဗို့လိုင်းနှင့် နှစ်ထပ်လိုင်းပြုလုပ် တိုးချဲ့ဆောင်ရွက်ပြီးစီးခဲ့သဖြင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်(၂) ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏ၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမြင့်ထွေး၊ ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီနှင့် လျှပ်စစ်ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်(၂) ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု စာရွက်စာတမ်းများအား ကျေးရွာမီးလင်းရေး ကော်မတီအဖွဲ့များထံ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်(၂) ဦးတင်ဦးက လွှဲပြောင်းပေးအပ်ပြီး ၁၁/၀.၄‌ KV၊ (၂၀၀)KVA ဓာတ်အားခွဲရုံအား ကောင်စီဝင်(၂)နှင့် တက်ရောက်လာကြသူများက အ‌မွေးနံ့သာရည်များ ပက်ဖျန်းကာ စက်ခလုတ်နှိပ်၍ ကျေးရွာအတွင်း လျှပ်စစ်မီးလွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်(၂) ဦးတင်ဦးနှင့် အဖွဲ့များသည် ကျေးရွာနေပြည်သူများ လျှပ်စစ်မီးသုံးစွဲနေမှုကို လိုက်လံကြည့်ရှုခဲ့ပြီး လျှပ်စစ်ဝန်ထမ်းများကလည်း ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။

ပဲခူးမြို့နယ် အိုးဘိုကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာတွင် အိမ်ခြေ(၄၅၀)၊ အိမ်ထောင်စု(၄၅၀)စု၊ လူဦးရေ(၂၂၁၀)ဦးရှိပြီး အဆိုပါ ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက်  ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ၁၁ KV ဓာတ်အားလိုင်း (၁၀၈၀)ပေ၊ ၁၁/၀.၄ KV ၂၀၀ KVA ခွဲရုံ (၁)ရုံတို့အား ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ် ၂၄၃ သိန်းကျော် အကုန်ကျခံ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)

mdn