ပြည် ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီး၏ လူနာများအတွက် အောက်စီဂျင်အိုးကြီး အလုံး (၅၀) လှူဒါန်းကြောင်း သိရသည်။

 

အဆိုပါ အောက်စီဂျင်အိုးကြီး အလုံး (၅၀) ကို ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ်စား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းဦးတို့က ပြည်သူ့ဆေးရုံကြီး ဆေးသိုလှောင်ရေးဌာန၌ ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းရာ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း ဆေးရုံကြီး တာဝန်ရှိသူများထံမှ သိရသည်။

 

ကိုဆက်