ပဲခူး  ၆  အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် DOOSAN Co., Ltd မှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ Mask များကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် DOOSAN Engineering & Construction Co., Ltd , Director, Mr. Lim Hyun Taek နှင့် Manager, Mr. Shin Yong Cheol တို့က ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Mask (၇၆၄၀၀)ခုအား ထောက်ပံ့လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)