ပဲခူး ၁၆ ဧပြီ

ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး ကြီးကြပ်မှူကော်မတီရုံးခန်းသို့  ဧပြီ ၁၅ ရက်နေ့က အလှူရှင်အသီးသီးမှ အလှူငွေများ လာရောက်လှူဒါန်းမှု ပြုလုပ်ပေးကြကြောင်း သိရသည်။

အလှူရှင်အသီးသီးမှ လှူဒါန်းမှုပြုလုပ်ပေးကြရာတွင် ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများ ဝယ်ယူရန်အတွက် ပဲခူးတိုင်းဒေသကြီးသစ်အခြေခံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ အလှူငွေကျပ်သိန်း(၃၀)၊ ပဲခူးမြို့ ကျူးလျောင်တောင် တရုတ်ဗုဒ္ဓဘာသာဘုရားရှိခိုးကျောင်း မိသားစုများမှ အလှူငွေ(၁၅)သိန်း၊ ကိုမိုးနိုင်(Honda Show Room)မိသားစုမှ အလှူငွေ(၅)သိန်းတို့ကိုလည်းကောင်း၊ ပဲခူးဆေးရုံကြီးတွင် လိုအပ်နေသည့် အသက်ရှူအထောက် အကူပြုစက် VENTILATOR ဝယ်ယူရန်အတွက် ဦးဇော်ထိန်+ဒေါက်တာသဲဆုဟန် MarGaMin Group of companies မိသားစုမှ အလှူငွေကျပ်သိန်း(၅၀)၊ ပဲခူးတိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အလှူငွေ(၅)သိန်းကျပ် တို့ကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ကော်မတီအဖွဲ့များက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)