ပဲခူး  ၂၁ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကြီးကြပ်မှုကော်မတီသို့ ယနေ့ မွန်းလွဲပိုင်းက အလှူရှင်အသီးသီးမှ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ အသက်ရှူအထောက်အကူပြုစက် (Ventilator) ဝယ်ယူရန်အတွက် ဦးစိုးလင်း+ ဒေါ်ကြူမေလွင် (Soe Yadanar lin co,ltd)မိသားစုမှ အလှူငွေကျပ်သိန်း(၅၀) ကိုလည်းကောင်း၊ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ကလိ) COVID-19 Isolation unit တွင် အသုံးပြုနိုင်ရန်အတွက် ဦးအောင်ကျော်မိုး+ ဒေါက်တာနီနီကျော် (ယုန်ညီနောင်ဆေးပေါ့လိပ်) မိသားစုမှ တစ်လုံးလျှင် ငွေကျပ် ၇၅ သိန်းတန်ဖိုးရှိ Portable Ventilator နှစ်လုံး၊ ကျပ်သိန်း(၁၀၀)တန်ဖိုးရှိ ရေသန့်စက်တစ်လုံး၊ နှာခေါင်းစည်း (၂၀၀၀)ခုတို့ကို လည်း‌ကောင်း၊ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ ဝယ်ယူရန်အတွက် ကိုစောညီညီအောင် Victory wealth Co.,Ltd- Bago မိသာစုမှ အလှူငွေကျပ် (၅)သိန်း၊ ဦးနေမျိုးသူ မိသားစုများမှ အလှူငွေကျပ် (၁)သိန်း၊ ဧချမ်းမေတ္တာရိပ်သာများ ဆေးကုသရေးအဖွဲ့ (ဇိုင်းတောင်)မှ အလှူငွေကျပ် (၁)သိန်း၊  ဦးမြသိန်းမိသားစု ဥဿာမြို့သစ်မှ PPE ဝတ်စုံ (၂၀)စုံ၊ Face Shield (၂၀)ခု၊  Mask (၁၀၀)ခု၊ မိခင်ကြီးဒေါ်ကြင်သန်းအား ရည်စူးပြီး ကျန်ရစ်သူမိသားစုမှ ချွဲပျော်စက်(၁)လုံး၊ ဆေးဝါးပစ္စည်းများနှင့် PPE ဝတ်စုံ (၃၀)စုံစာအတွက် အလှူငွေကျပ် (၃)သိန်းတို့ကိုလည်းကောင်း လှူဒါန်းခဲ့ကြသည်။

 

ထို့ပြင် ပြည်သူမှပြည်သူသို့ အစီအစဉ်အရ ပဲခူးမြို့အထွေထွေရောဂါကု ဆေးရုံကြီးတွင်  ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းအင်အား (၂၀၀)ခန့်အတွက် အဟာရပြည့်နေ့လည်စာ စားသုံးနိုင်ရေး အလှူရှင်ပြည်သူများ လှူဒါန်းငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ဦးတင်ရွှေ ကွမ်းယာပစ္စည်း ရောင်းဝယ်ရေးမိသားစုမှ နေ့လည်စာအတွက် ငွေကျပ် (၂)သိန်းနှင့် ဝန်ထမ်းများအသုံးပြုနိုင်ရန် ငွေကျပ်(၃)သိန်းတန်ဖိုးရှိ Face Shield များ၊ ဦးမျိုးလွင်မိသားစုမှ ငွေကျပ် (၂)သိန်း၊ မြို့တွင်းကြီးရပ်ကွက် သုခဒါယကပရဟိတ္တအဖွဲ့မှ ငွေကျပ် ၂၅၀၀၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကြီးကြပ်မှုကော်မတီရုံးခန်းကို ပဲခူးမြို ဗုဒ္ဓအသံ ဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိပြီး အဆိုပါ လှူဒါန်းမှုများအတွက် ကော်မတီအဖွဲ့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)