နေပြည်တော် ၁၂ မေ
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကိုသည် လက်စွပ်ကျကျေးရွာအုပ်စုအတွင်း အုတ်လုပ်ငန်းလုပ်ကိုင်သူများအား အုတ်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိစေဘဲ ငွေကြေးရယူ၍ လုပ်ကိုင်ခွင့်ပြုခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကိုသည် အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ ငွေကြေးများနှင့် အုတ်များအား ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့မရဲစခန်း၌ မေ ၁၁ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်