လက်ပံတန်း ၃၀ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်ဇနီး ဒေါ်သန်းသန်းအေး တို့က လက်ပံတန်းမြို့နယ် မအူကုန်ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကြပြီး ဆန္ဒမဲလက်မှတ်များကို ဆန္ဒပြုခန်း၌ လျှို့ဝှက်ဆန္ဒမဲပေးကြပြီး ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲ လက်မှတ်များ ထည့်သွင်းကြသည်။
လက်ပံတန်းမြို့နယ်တွင် လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၃) အုပ်စုရှိပြီး၊ မဲရုံပေါင်း (၁၇၆) ရုံတွင် တိုင်းရင်းသားရေးရာ မဲရုံ (၇၅)ရုံနှင့် မဲရုံအဖွဲ့ဝင် (၂၃၁၆) ဦးဖြင့် အထွေထွေရွေးကောက်ပွဲကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယနေ့အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၃၆၇၀၀) ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်အတွက် မဲပေးခွင့်ရှိသူ (၅၀၅၇)ဦး၊ အသက်(၆၀) နှစ်နှင့် အထက် မဲပေးပိုင်ခွင့်ရှိသူ (၂၁၄၈၂)ဦးခန့် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဝင့်နန္ဒာဌေး


