မိုးညို ၁၅ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် နေအိမ်များ ပြိုလဲပျက်စီးခဲ့ရာ အင်းတ္တော်လုပ်အုပ်စု၊ ထိန်ကုန်းကျေးရွာတွင် ဉီးကိုထက်(၃၀)နှစ်၏ (၄)ပင်သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်ပြိုလဲပျက်စီးခြင်း၊ ဉီးမျိုးမင်းသန်း (၃၃)နှစ်၏ (၄)ပင်သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်မှ သွပ်(၁၀)ချပ် အမိုးလန်ခြင်း၊ ဒေါ်ငွေရီ(၅၅)နှစ်၏ (၄)ပင်သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်မှ သွပ်(၂)ချပ် အမိုးလန်ခြင်း၊ ဒေါ်ဝင်းရီ(၅၆)နှစ်၏ (၄)ပင်သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်မှ သွပ်(၂)ချပ် အမိုးလန်ခြင်း၊ ဇီးပင်အုပ်စု၊ ဇီးပင်ကျေးရွာတွင် ဉီးကျော်စိုးသူ၏ (၃)ပင်သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်မှ သွပ်(၃၂)ချပ် အမိုးလန်ခြင်းတို့ ဖြစ်ပွားခဲ့ပြီး ပြိုလဲနေအိမ်(၁)လုံး၊ အမိုးလန်နေအိမ်(၄)လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးနေအိမ်များ ပြန်လည်ပြုပြင်ခြင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများမှ ကူညီဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။
ကိုမင်း(မိုးညို)


