နေပြည်တော်၊ ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၆ ရက် နံနက် ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့် အကွာရှိ ထွန်းကျော် ၏ တောင်ယာတဲ ကို သတင်းအရရှာဖွေရာ ထွန်းကျော်၊ ဌေးဝင်း၊ ဇော်မြင့်နိုင်၊ သန်းထွန်းလေး၊ ကိုဖြိုး၊ ဇော်မင်းလှိုင်၊ မြင့်အေး၊ အောင်ကျော်ဆန်း၊ ထက်လင်းစိုးနှင့် စိုးလင်းအောင်တို့ ၁၀ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ပန်းတောင်းမြို့နယ်မှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ ဆက်လက်သယ်ဆောင်မည်ဖြစ်ကြာင်း သိရှိရသဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မြတ်သူဝင်း(ခ)နောင်နောင်နှင့် သိန်းစိုးတို့ အပါအဝင် ၁၂ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


