ပဲခူး ၃ ဇန်နဝါရီ
သစ်တောဦးစီးဌာန ဦးစီးရုံးချုပ်၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့မှ သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးအရာရှိနှင့် မြို့နယ်ဦးစီးမှူးများ၊ သစ်တောဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ကာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလအတွင်း တရားမဝင်သစ် ရှာဖွေဖော်ထုတ်ခြင်းများဆောင်ရွက်ရာ ကျွန်း၊ သစ်မာနှင့် အခြား သစ်လုံး/ခွဲသား(၅၂၈ ဒသမ ၇၁၇၃) တန်၊ သစ်စက်အင်ဂျင် ၁၃ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ တရားမဝင်သယ်ဆောင်လာသော မော်တော်ယာဉ် ၆ စီး၊ မော်တော်ဆိုင်ကယ် ၁၄ စီး၊ သုံးဘီးဆိုင်ကယ် တစ်စီးနှင့် စက်လှေ ၁စီး တို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသော သစ်နှင့်ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်များအား လုံခြုံစိတ်ချရာသို့ သယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ဟိန်းထက်(ပဲခူး)
