ပဲခူး  ၁၆ သြဂုတ်


ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုင်းဒေသကြီးအတွင်းရှိတရားရုံးများမှအရာရှိများ၊ ဝန်ထမ်းများစုစုပေါင်း၍ အလှူငွေကျပ် (၁၂၂၂၅၀ဝ) အား ရေဘေးသင့်ပြည်သူများအတွက် သြဂုတ်လ(၁၅)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်ဧည့်ခံခန်း၌ ဝန်ကြီးချုပ်ဦးဝင်းသိန်းထံသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးမောင်မောင်ရွှေက ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် အစိုးရအဖွဲ့ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့သည် သြဂုတ်လ (၁၂) ရက်နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့သွားရောက်ပြီး ဆန်အိတ်(၃၀ဝ)နှင့် အလှူ ငွေကျပ်သိန်း(၁၀ဝ)တို့ကို ပေးအပ်လှူ ဒါန်းခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပအိုဝ်တိုင်းရင်းသားရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် အစိုးရအဖွဲ့ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့သည် မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ပေါင်မြို့နယ်တွင် တောင်ပြိုမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် လူနာ(၂၈) ဦးအား တစ်ဦးလျှင်(၂၅၀ဝဝ)နှုန်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်းနှင့် ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူများ အတွက်လည်း ဆန်အိတ်(၁၀ဝ) ကို ထပ်မံထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

 

1