နတ်တလင်း စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်၍ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျခတ်ဝါးရုံကျေးရွာရှိ အဆင့်မြင့်စံပြကွက် စိုက်ဧက ၁၀၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ သြဂုတ် ၃၁ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးမျိုးသိန်းမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသခံတောင်သူများ၏ ထုတ်ကုန်၊ ထွက်ကုန်ပစ္စည်းများကို စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် အဆင့်မြင့်စံပြကွက် စိုက်ပျိုးမြေဧက ၁၀၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ကျခတ်ဝါးရုံကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းအရှည် ၂၄၀၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၉ လက်မ မြေနီခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၂ ဒသမ ၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ရွှေလင်းမြေကုမ္ပဏီမှ ၂၀၂၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၃၀ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
သိန်းတိုး(ဇီးကုန်း)


