ပန်းတောင်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့ နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ် ငါးဆယ်ပေး ကျေးရွာအုပ်စု အုတ်ဖိုကျေးရွာ၌ တောင်သူ ဦးညွန့်တင်၏ နွေနှမ်း ၁၅ ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုနှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် ဘက်စုံသုံး သဘာဝရွက်ဖျန်းမြေဩဇာ ထုတ်လုပ်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ အမှာစကား ပြောကြားသည်။
မှာကြား
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၃၀ ဖြင့် ညောင်ကိုင်း တမံ ဆည်ရေသောက်စနစ် အတွင်းရှိ ညောင်ကိုင်းချောင်းဟောင်း အရှည် ၂ ဒသမ ၂၇ မိုင် တူးဖော်ခြင်းနှင့်် တောရှင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုပြီး စိုက်ပျိုးရေများ လေလွင့်မှုမရှိ သုံးစွဲနိုင်ရေးနှင့် ရေပေးမြောင်းများ ရေရှည်အသုံးပြုနိုင်ရေး ကျေးရွာအလိုက် ဖွဲ့စည်း ပေးထားသည့် Water User Group အဖွဲ့များဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်း စောင့်ရှောက်ကြရန် မှာကြားသည်။
ယင်းနောက် ပန်းတောင်း မြို့နယ် ခုံကြီးကျေးရွာ၌ ဟင်းသီးဟင်းရွက်နှင့် ငှက်ပျောသီးနှံ တစ်အုပ်တစ်မစိုက်ခင်း ဧက ၁၅၀ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်းကြည့်ရှုပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံအမှာ စကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


