ပြည် အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွင်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုပွဲ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။
ဂုဏ်ပြုပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က မနုဿမေတ္တာရှင် လူမှုကူညီရေး ပရဟိတအသင်း၊ ပျူနလုံးသား လူမှုကူညီရေးအသင်း၊ ကြီးမြတ်သူ သာရေးနာရေးကူညီမှု အသင်း၊ ဒေသတွင်းရေနစ်သူ ရှာဖွေကယ်ဆယ်ရေးအသင်း၊ ခေတ္တရာသာရေးနာရေး ကူညီပံ့ပိုးမှုအသင်း၊ မြန်မာမွတ်စလင်လူငယ်များ ပရဟိတအသင်း၊ ရွှေရောင်အလင်းတန်း ပရဟိတအသင်း၊ ပွင့်လှသိမ်ကုန်း ပရဟိတအသင်းနှင့် ပေါင်းတလည်မြို့ နာရေးကူညီမှုအသင်းတို့အား အသင်းအဖွဲ့တစ်ခုလျှင် ဂုဏ်ပြုငွေ ကျပ် ငါးသိန်းစီနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာ ကြီးမြတ်သူ သာရေးနာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး လူမှုကူညီရေး အသင်းအဖွဲ့များအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကို-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းမင်းစိုး(ပြန်/ဆက်)