နတ်တလင်း ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့ နံနက်ပိုင်းက နတ်တလင်းမြို့၊ ပွတ်စုကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်ဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း (၁၅၀)ဖြင့် ဆောက်လုပ်သော “လူငယ့်အလင်းရောင်” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများက စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် စာကြည့်တိုက်အတွက် အလှူငွေကျပ်သိန်း (၃ဝ)နှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက လက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


