ဝေါ ၁၆ ဖေဖော်ဝါရီ 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ် မြစ်ကျိုးကျေးရွာ မြို့မကျောင်းကြီး ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

 

0932

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာကိုဦးက အဆုတ်ရောင်ရောဂါဖြစ်ပွားမှု၊ ကုသမှု၊ ကြိုတင်ကာကွယ်မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနိုင်ဦးမှ သီးနှံစိုက်ပျိုးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ဈေးကွက်ရရှိမှု အခြေအနေများကိုလည်းကောင်း၊ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသီးသီး ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိမိတို့သိရှိလိုသည်များကို တင်ပြကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်ကိစ္စများအား ကူညီဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြတ်လင်း (ပြန်/ဆက်)