ရေတာရှည် ၈ နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး ဒေါ်စန်းစန်းမော်သည် ရေတာရှည်မြို့နယ်၊ ကြံသနွယ် ကျေးရွာအုပ်စု၊ စိုင်တမော့ကြီးကျေးရွာရှိ မဲရုံအမှတ်(၂)တွင် ယနေ့နံနက်ပိုင်းက ဆန္ဒမဲပေးခဲ့သည်။

 

ဝန်ကြီးချုပ်သည် လက်ရှိတွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်သည် မဲပေးပြီးနောက် ကြံသနွယ်၊ နန်ချွန်၊ ရွှေပြည်ကုန်းကျေးရွာများရှိ မဲရုံများကို ကြည့်ရှုအားပေးခဲ့သည်။

ကိုလွင်(ဆွာ)