ပဲခူး ၁၃ မေ
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက MGS Breweries Co., Ltd မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဦးဝင်းသိန်းက "သဘာဝဘေးနှင့်ကြုံတိုင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများက လာရောက်လှူဒါန်းကြသလို စေတနာ့ဝန်ထမ်းများကလည်း ဘယ်အချိန်အခါ မျိုးပဲ ဖြစ်ဖြစ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အစိုးရ အဖွဲ့မှလည်း စေတနာ့ဝန်ထမ်း (Volunteer) များကိုလည်း ပြန်လည်ကူညီထောက်ပံ့ပေးနိုင်ရေး မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျှက်ရှိကြောင်းနှင့် ယခုလိုလာရောက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း" ပြန်လည်ပြောကြားသည်။
ထို့နောက် MGS Breweries Co., Ltd. MD ဦးသန့်ဇင်ထွန်းနှင့် ဦးနေမင်းထွန်းတို့က PPE ဝတ်စုံ(၁၅၀)၊ ကိုဗစ်-၁၉ ကျန်းမာရေး အသိပညာပေးစာအုပ် ၁၅၀ နှင့် ဆန်အိတ် ၅၀ တို့အား ထောက်ပံ့လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ MGS Breweries Co., Ltd ဦးသန့်ဇင်ထွန်းနှင့် ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)


