ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ပဲခူးမြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေး

mdn

ပဲခူး ဩဂုတ် ၂ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဩဂုတ်(၁)ရက် နံနက်(၁၀)နာရီက ပဲခူးမြို့ ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌ ဒေါက်တာသီဟ၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအောင်ဇော်လတ်၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ပဲခူးမြို့၊ သာမဏေကျော်ပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိခဲ့ပြီး ပဓာနနာယက ဆရာတော်အား ဖူးမြော် ကန့်တော့၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask နှင့် Hand Gel ဗူးများ လှူဒါန်းခဲ့ပြီး ကျောင်းတိုက် အတွင်း သံဃာတော်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ လိပ်ပြာကန် သီလရှင် စာသင်တိုက်သို့ ရောက်ရှိခဲ့ရာ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေ မှုအား ကြည့်ရှုအားပေးပြီး တိုက်အုပ်သီလရှင်ဆရာကြီးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင် ရေး Mask နှင့် Hand Gel   များ လှူဒါန်းခဲ့သည်။

   ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် သတ်မှတ်စုရပ်နေရာများ၌ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ဇူလိုင်(၂၉) ရက် နံနက်ပိုင်းမှစတင်၍ ထိုးနှံပေး လျက်ရှိရာ ဇူလိုင်(၃၁)ရက်အထိ  ဘုန်းကြီး/ သီလရှင်/ဘာသာရေးကျောင်းများ၊ အသက်(၆၅)နှစ်အထက် အဘိုး/ အဘွား များ၊  အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း/ ပရဟိတအသင်း အဖွဲ့ များ၊  ဘိုးဘွားရိပ်သာများ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းများနှင့် ဈေးရောင်းချသူများ စုစုပေါင်း(၂၇၈၈၉)ဦးတို့အား ထိုးနှံပေးပြီးဖြစ်ကာ ဆက်လက်၍ လည်း နေ့စဉ်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်စီစဉ်ထားသည့် ဦးစားပေးအစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)