ပြည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ဇွန် ၂၄ ရက် နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၁၄ မြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအားဂု ဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဆုရကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဆုရကျောင်းသား ကျောင်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော ဆရာဆရာမများ၊ ကျောင်းသားမိဘများနှင့် ဆုရကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားသည်။
ဂုဏ်ပြုချီးမြှင့်ပွဲ၌ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ငါဘာသာဂုဏ်ထူးရှင် ကိုးဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄၀ နှင့် သုံးဘာသာဂုဏ်ထူးရှင် ၂၄၁ ဦး စုစုပေါင်း ၂၉၀ တို့အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ကိုဆက်(ပြန်/ဆက်)