ပဲခူးတိုင်းဒေသကြီးအတွင်း  Facility Quarantine စခန်းများအတွက် မြို့နယ်(၁)မြို့နယ်လျှင် ကျပ်သိန်း(၁၀ဝ)စီ ထောက်ပံ့ 

ပဲခူး ၁ ဧပြီ

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအတွင်း  Facility Quarantine စခန်းများအတွက် မြို့နယ်(၁)မြို့နယ်လျှင် ကျပ်သိန်း(၁၀ဝ)စီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၃၁ ရက် မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍   ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကော်မတီအလိုက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပြီဖြစ်သလို ပြည်ပနိုင်ငံများမှ နိုင်ငံသားများလည်း ထပ်မံဝင်ရောက်မှုများ ရှိနေကြောင်း၊ Home Quarantine နှင့် Facility Quarantine ကို စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာ ကုသရေးအပိုင်းများ လျော့နည်းနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းအပိုင်းကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ Home Quarantine နှင့် Facility Quarantine အတွင်း နေထိုင်သူများသည် သတ်မှတ် စည်းကမ်းများအား လိုက်ပါမှုမရှိပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ကိုလည်း နားလည်သဘောပေါက်စေရန် ရှင်းလင်းမှာကြားထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

‌ေ

 

ထို့နောက် နှစ်ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း  Facility Quarantine စခန်း များအတွက် မြို့နယ်(၁)မြို့နယ်လျှင် ကျပ်သိန်း(၁၀ဝ)စီ ထောက်ပံ့ပေးအပ်ရာ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးများ(ကိုဗစ်-၁၉ ကာကွယ်ရေး ခရိုင်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ)များမှ လက်ခံရယူခဲ့ကြပြီး တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက Facility Quarantine စခန်းများတွင် လိုအပ်ချက်များအား တင်ပြခဲ့ကြရာ၊ ဝန်ကြီးချုပ်က အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကျန်းမာရေးသုံးပစ္စည်းများအား ထပ်မံဝယ်ယူနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ပနိုင်ငံများမှ ပြန်လာသူများနှင့်ပတ်သက်၍ မတ်လ(၃၀)ရက်နေ့အထိ Facility Quarantine အတွင်း နေထိုင်သူ စုစုပေါင်း(၇၄၁၇)ဦးရှိပြီး ပဲခူး ခရိုင်တွင် Facility Quarantine စခန်း(၂၂၆)ခု၊ တောင်ငူခရိုင်တွင် Facility Quarantine စခန်း(၁၆၅)ခု၊ ပြည် ခရိုင်တွင် Facility Quarantine စခန်း(၁၄၆)ခု၊ သာယာဝတီခရိုင်တွင် Facility Quarantine စခန်း(၁၂၂)ခုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်အင်အား(၃၂၀၁)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)