ပဲခူး ၁၅ ဧပြီ

 

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ အခြေခံလက်လုပ်လက်စား မိသားစုများအား နိုင်ငံတော်မှ ထောက်ပံ့ပေး သည့် အခြေခံစားကုန်(၅)မျိုးကို ဧပြီလ(၁၀)ရက်မှစတင်၍ သက်ဆိုင်ရာ ခရိုင်/မြို့နယ်/ ရပ်ကွက်/ ကျေးရွာအလိုက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်လှယ်များ၊ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေပေးလျက်ရှိရာ ဧပြီလ (၁၄)ရက် အထိ အိမ်ထောင်စု (၈၄၈၃၀)အား ထောက်ပံ့ပေးပြီးဖြစ်ကြောင်းသိရသည်။

 

8940

 

ပဲခူးခရိုင်အတွင်း၌ မြို့နယ်(၈)မြို့နယ်ရှိပြီး ပဲခူးမြို့နယ်တွင် အိမ်ထောင်စု(၅၅၉၁)စု၊ ကျောက်တံခါး မြို့နယ်တွင် (၇၈၈၈)စု၊ ညောင်လေးပင်မြို့နယ်တွင် အိမ်ထောင်စု (၁၃၁၃)စု၊ ရွှေကျင် မြို့နယ်တွင် အိမ်ထောင်စု (၁၀၁)စု၊ ဒိုက်ဦးမြို့နယ်တွင် အိမ်ထောင်စု(၃၀ဝ၂)စု၊ ဝေါမြို့နယ်တွင် အိမ်ထောင်စု(၁၀ဝ)စု၊ ကဝမြို့နယ်တွင် အိမ်ထောင်စု(၃၁၁၀)စုနှင့် သနပ်ပင်မြို့နယ်တွင် အိမ်ထောင်စု (၄၀၈၃)စု စုစုပေါင်း ပဲခူးခရိုင်အတွင်း အိမ်ထောင်စု (၂၅၁၈၈)စုအား အခြေခံစားကုန်(၅)မျိုးကို ထောက်ပံ့ ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

 

ထို့အတူ တောင်ငူခရိုင်အတွင်း၌လည်း မြို့နယ်(၆)မြို့နယ်ရှိပြီး ရေတာရှည်မြို့နယ်တွင် အိမ်ထောင်စု (၂၇၃၈)စု၊ တောင်ငူမြို့နယ်တွင် အိမ်ထောင်စု (၅၉၁၆)စု၊ ထန်းတပင်မြို့နယ်တွင် အိမ်ထောင်စု(၃၈၇၃)စု၊ အုတ်တွင်းမြို့နယ်တွင် အိမ်ထောင်စု(၂၉၃၀)စု၊ ဖြူးမြို့နယ်တွင် အိမ်ထောင်စု (၁၈၉၉) စုနှင့် ကျောက်ကြီးမြို့နယ်တွင် အိမ်ထောင်စု(၂၅၉)စု စုစုပေါင်း တောင်ငူခရိုင်အတွင်း အိမ်ထောင်စု (၁၁၇၆၁၅)စုအား ထောက်ပံ့ပေးနိုင်ခဲ့သည်။

 

 ပြည်ခရိုင်အတွင်း၌လည်း မြို့နယ်(၆)မြို့နယ် ရှိပြီး ပြည်မြို့နယ်တွင် အိမ်ထောင်စု(၂၇၂၇)စု၊ ပေါက်ခေါင်းမြို့နယ်တွင် အိမ်ထောင်စု (၁၄၅၁)စု၊ ပေါင်းတည်မြို့နယ်တွင် အိမ်ထောင်စု(၄၃၆၈)စု၊ ပန်းတောင်းမြို့နယ်တွင် အိမ်ထောင်စု(၃၉၈၈)စုနှင့် သဲကုန်းမြို့နယ်တွင် အိမ်ထောင်စု (၁၂၅၈၁)စု၊ စုစုပေါင်း ပြည်ခရိုင်အတွင်း အိမ်ထောင်စု(၁၅၁၁၅)စုအား ထောက်ပံ့ပေးနိုင်ခဲ့သည်။ သာယာဝတီ ခရိုင်တွင်လည်း မြို့နယ်(၈)မြို့နယ်ရှိပြီး သာယာဝတီမြို့နယ်တွင် အိမ်ထောင်စု(၂၈၇၀)စု၊ လက်ပံတန်း မြို့နယ်တွင် အိမ်ထောင်စု(၂၀၅၉)စု၊ မင်းလှမြို့နယ်တွင် အိမ်ထောင်စု (၃၅၁၁)စု၊ မိုးညိုမြို့နယ်တွင် အိမ်ထောင်စု (၅၁၁၉)စု၊ အုတ်ဖိုမြို့နယ်တွင် အိမ်ထောင်စု(၃၃၄၅)စု၊ ကြို့ပင်ကောက်မြို့နယ်တွင် အိမ်ထောင်စု (၃၃၈၀)ခု၊ ဇီးကုန်းမြို့နယ်တွင် အိမ်ထောင်စု(၂၉၈၂)စုနှင့် နတ်တလင်းမြို့နယ်တွင် အိမ်ထောင်စု (၃၆၄၆)စု စုစုပေါင်း သာယာဝတီခရိုင်အတွင်း အိမ်ထောင်စု(၂၆၉၁၂)စုအား ထောက်ပံ့ ပေးနိုင်ခဲ့သဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း စုစုပေါင်းအခြေခံလက်လုပ်လက်စား အိမ်ထောင်စု စုစုပေါင်း (၆၃၇၈၂၇)စုရှိသည့်အနက် (၈၄၈၃၀)စုအား ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်‌ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)