နေပြည်တော် ၁ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင်း ဇူလိုင် ၃၁ ရက် မွန်းလွဲ ၃ နာရီခွဲက ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယွန်းတန်းရပ်ကွက်၌ ရေအနက် ၄ ပေခန့် ဝင်ရောက် နေ သဖြင့် အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၄၃ ဦးတို့သည် အဆိုပါရပ်ကွက်အတွင်းရှိ ရွှေမျက်မှန် ဘုန်းကြီးကျောင်းနှင့် ရွှေမျက်မှန်ဘုရားအနီး မြေကွက်လပ်များသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား