မင်းလှ ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  အစိုးရအဖွဲ့ဝန်ကြီးများ၊တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်လျက်   ဒီဇင်ဘာ ၁၇  ရက် နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်၊ နွေစပါးစုပေါင်းထွန်ယက်စိုက်ပျိုးပွဲကို ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ် ကံတင်ဘီးလင်းဆည်ရေသောက်စနစ်ဖြင့် အုတ်တွင်းအုပ်စု၊ အုတ်တွင်းကျေး ရွာအနီး ကွင်းအမှတ် (၉၃၂)၊ တောင်သူဒေါ်သန်းသန်းဝင်း၏ လယ်မြေ (၁၀) ဧက၌ စက်မှုလယ် ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ပူပေါင်း၍ မျိုးစေ့ချ ကိရိယာဖြင့် မျိုးစေ့ချခြင်း၊  စုပေါင်းနွေစပါး ထွန်ယက်စိုက်ပျိုးခြင်းကို ကြည့်ရှု့အားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍  ရွှေဝါမြိုင်ကျေးရွာ အုပ်စု၊ရွှေဝါမြိုင်စိုက်ပျိုးရေးဆိုင် ရာလူထုအခြေပြုလေ့လာမှုစခန်း၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် မျိုးစေ့ချကိရိယာဖြင့်ပျိုးထောင်ခြင်းကို ကြည့်ရှုခဲ့ပြီး နွေစပါးတင်း (၁၀၀) အထက် ထွက်ရှိ ရန် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည့် ဧက(၅၀) အတွက်တောင်သူများအားမြေဩဇာအိတ် (၁၅၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)