ပဲခူး ၂၄ ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၃)ရက် မွန်းလွဲပိုင်းက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်သောင်းနှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ကျောက်ကြီး မြို့နယ် မဲဘုတ်ကျေးရွာအုပ်စု ကြောင်ပြာကျေးရွာမှ ယဉ်ကျေးမှုအမွေအနှစ်များ Sport Tourism အဖြစ်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု့လေ့လာကြကြောင်း သိရသည်။

 

63

 

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းမှ ကျောက်ကြီးမုန်းကားလမ်း သူဌေးကုန်းရွာပျက်မှမြောက်ဘက် တစ်မိုင်ခန့်အကွာတွင် ရှိသည့် မွေတော်ရှေးဟောင်းနယ်မြေ၊ ညီတော် ဘုရားတွင်ရှိသည့် ဂဝံကျောက်ဖြင့် တည်ဆောက်ထားသည့် ဂဝံလှေကားကြီးနှင့် ပတ်သက်သည့်သမိုင်း အထောက်အထား များ၊ သူဌေးကုန်းရွာပျက်မှ မြောက်ဘက် လေးမိုင်ခန့်အကွာ ရွှေနံ့သာကျေးရွာ (ကြောင်ပြာ)ရှိ ဂဝံကျောက်ဖြင့် ထုလုပ်ထားသည့် ဘုရားများ၊ စေတီငှက်ပျောဖူးနှင့် အခြားဂဝံယဉ်ကျေးမှု အမွေအနှစ်များကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

 

520

 

ကျောက်ကြီးမြို့နယ် မဲဘုတ်ကျေးရွာအုပ်စု ကြောင်ပြာကျေးရွာမှ ယဉ်ကျေးမှုအမွေအနှစ်များအား အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန်နှင့် သမိုင်းတန်ဖိုးကိုသိရှိလာနိုင်စေရန်၊ ယဉ်ကျေးမှုအမွေ အနှစ်များအား ရေရှည်တည်တံ့လာနိုင်စေရန်နှင့် ဆုံးရှုံးမှုနည်းပါးစေရန်၊ ဒေသခံပြည်သူများအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်အပေါ်အခြေပြု၍ ဝန်ဆောင်မှုလုပ်ငန်းများ တွင်ကျယ်လာနိုင်စေရန် ရည်ရွယ်ပြီး Sport Tourism အဖြစ်ဆောင်ရွက်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲဝန်ထမ်းများနှင့်အတူ ဆက်စပ်ဌာနများ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

852

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲသည် တိုင်းဒေသကြီးအတွင်းရှိ ရှောင်းဟောင်း နေရာဒေသများ၊ ရှေးဟောင်းအဆောက်အဦးများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ စသည့်ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာနေရာများသို့ ကွင်းဆင်းမှတ်တမ်းတင်ခြင်း၊ တူးဖော် သုတေသနပြု လုပ်ငန်းဆောင်ရွက်ခြင်း၊ ရှေးဟောင်းပစ္စည်း စာရင်းကောက်ယူခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာမှ ရှေးမြို့ဟောင်းရာအချို့ကို မှတ်တမ်းတင် ထားရှိခဲ့ပြီးဖြစ်ပြီး အောက်မြန်မာပြည်ရှိ ရှေးမြို့ဟောင်းများတွင် ဘုရား၊ စေတီပုထိုးများ၊ ဗုဒ္ဓ ရုပ်ပွားတော်များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦးများ စသည့်ယဉ်ကျေးမှုအမွေအနှစ်များကို ဂဝံကျောက်များဖြင့် ပြုလုပ်ခဲ့သည့်ဓလေ့ကိုတွေ့ရှိရသဖြင့် ဂဝံယဉ်ကျေးမှုဟူ၍ ပညာရှင်များက သတ်မှတ်ခဲ့ကြကြောင်း သိရသည်။

 

ယခုအခါ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မဲဘုတ်ကျေးရွာအုပ်စု ကြောင်ပြာကျေးရွာအတွင်းနှင့် အနီးဝန်းကျင်တွင် မြို့ဟောင်းရာနှင့် ဂဝံယဉ်ကျေးမှု အထောက်အထားများကို တွေ့ရှိရသည့်အတွက် ထူးခြားသည့် ရှေးဟောင်းနေရာဒေသတစ်ခုဖြစ်ကြောင်းသိရှိရပြီး အဆိုပါယဉ်ကျမှုအမွေအနှစ်များကို အများပြည်သူများ လေ့လာနိုင်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့နိုင်ရန် ကြောင်ပြာကျေးရွာရှိ ယဉ်ကျေးမှုအမွေအနှစ်များကို Sport Tourism  အဖြစ်ဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

852

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲအနေဖြင့် ကြောင်ပြာကျေးရွာရှိ ယဉ်ကျေးမှု အမွေအနှစ်များကို Sport Tourism  အဖြစ်ဆောင်ရွက်နိုင်ရန် ကြောင်ပြာကျေးရွာ ဇေတဝန် ကျောင်းတိုက်အတွင်းရှိ ဂဝံကျောက်ဆင်းတုတော်ထားရှိရန် ကျောင်းဆောင်ဆောပ်လုပ်ခြင်း၊ ကြောင်ပြာမြို့ဟောင်း၏ အရှေ့မြောက်ထောင့်ရှိနတ်စင် ရင်ပြင်ပြုလုပ်ခြင်း၊ ကြောင်ပြာကျေးရွာအနီးရှိ ရှေးဟောင်းဂဝံကုန်း တူးဖော်ခြင်းနှင့်Site Museumဆောက်လုပ်ခြင်း၊ သမိုင်းကြောင်းဆိုင်ရာ စာပေ အချက်အလက်များကို စုဆောင်းခြင်း၊ ရှေးဟောင်းအဆောက်အဉီးများအား ထိန်းသိမ်းပြုပြင်ခြင်း၊ အထိမ်းအမှတ်နေရာများအား ပြုပြင်မွမ်းမံခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်ရှိရာနေရာများသို့ သွားလာရန် လမ်းများဖောက်လုပ်ခြင်း စသည့်လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိသည်နှင့် တစ်ပြိုင်နက် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းမှ ပြော ကြားခဲ့သည်။

 

တင်စိုး(ပဲခူး)