ရေတာရှည်   ၂၈  ဇန်နဝါရီ  

 

ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း သည် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ဆွာချောင်းတမံ ပင်မရေပိုလွှဲကျိုးပေါက်မှုကြောင့် ဆိုးဝါး စွာပျက်စီးခဲ့သော သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာအား ပြောင်းရွှေ့နေရာချထားပေးမည့် သိုင်းဝကျေးရွာနှင့် တုံးကြီး ကျေးရွာအကြား၌ မြေဧက ၅၀ အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာန၊(ထိန်း သိမ်းရေး)တောင်ငူနှင့် စက်မှုတိုင်း(၂)တောင်ငူတို့မှ စက်ယန္တယားများဖြင့် မြေနေရာများရှင်းလင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံများ၏ အခက်အခဲတင်ပြချက်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ညှိနိုင်ဆောင်ရွက်ပေးသည်။

 

ဆွာချောင်းတမံရေပိုလွှဲ၏ အနောက် မြောက်ဘက်တည့်တည့်ရှိ ကျွန်းတောစုကျေးရွာသည် ဆည်ရေကြောင့် လူနေအိမ်ခြေ ၄၆ လုံး ပျက်စီးသွားခဲ့ပြီးနောက် ကျေးရွာဒေသခံများက ရေဘေးလွတ်ကင်းမည့် နေရာသို့ရွှေ့ပြောင်းလိုကြောင်း ဆန္ဒပြုလာသဖြင့် အဆိုပါကျေးရွာရှိ လူနေအိမ်ခြေပေါင်း ၂၂၈ အိမ် ၊စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းတော် ကြီးကျောင်း၊ နယ်မြေရဲကင်း၊ ဈေးငယ် အစရှိသောအဆောက် အအုံများပါဝင်မည့် မြေဧက ၅၀ ဝန်းကျင်ရှိနေရာတွင် စနစ်တကျဆောင်ရွက်ပေးသွားမည်ဖြစ်ပြီ အဆောက်အအုံများအား မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက အခမဲ့လှူဒါန်းဆောက် လုပ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ 

 

ကိုလွင်(ဆွာ)