ပဲခူး ၁၇ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမတွင် အောက်တိုဘာ ၁၇ ရက် နံနက်(၇)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူ းဦးစိုးနိုင်မှ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်/ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်း ပြောကြားပြီး ခရိုင်ကိုယ်စားပြုပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်မှုကိုအားပေးကြည့်ရှုခဲ့သည်။

 

၁

 

အဆိုပါပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်း အမျိုးသမီးအားကစားလှုပ်ရှားမှုများကို မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော အမျိုးသမီးငယ်များမွေးထုတ်ပေးရန်၊ တိုင်း ဒေသကြီး အတွင်းခရိုင်(၄)ခရိုင်မှ အားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုဖြင့် တိုင်းဒေသကြီး၏ ဂုဏ်နှင့်အားကစားစိတ်ဓာတ်ကို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ အောက်တိုဘာလ (၁၇)ရက်နေ့မှ(၁၈)ရက်မေ့အထိကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်တို့မှ ခရိုင်ကိုယ်စားပြုအသင်းများမှ အငယ်တန်း/အကြီးတန်းအသင်းလိုက်ပြိုင်ခြင်း၊ အဆင့်မြင့်(၃)ယောက်တွဲနှင့် တစ်ဦးချင်း စွမ်းရည်ပြပြိုင်ခြင်းများ ပါဝင်ယှဉ်ပြိုင်ကြကြောင်းသိရသည်။

 

 

တင်စိုး(ပဲခူး)