ပဲခူးတက္ကသိုလ်၌ နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမအသစ်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ

ပဲခူး       မေ      ၆

 

ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ မေ ၆ ရက် နံနက်ပိုင်းက ပဲခူးတက္ကသိုလ် နည်းပြ/သရုပ်ပြ ဆရာ ဆရာမအသစ်များ ကြိုဆိုပွဲအခမ်းအနား ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်က ဆရာ ဆရာမများ အဆင့်မြင့် ပညာ မွမ်းမံသင်တန်းအမှတ်စဉ်(၂၅)၊ အောက်မြန်မာပြည်(ဖောင်ကြီး)သို့ သင်တန်း တက်ရောက်မည့် ဆရာ ဆရာမ ၁၂ ဦးအတွက် တစ်ဦးလျှင် ကျပ် တစ်သိန်းနှုန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၁၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

တင်စိုး(ပဲခူး)