ပဲရစ်၊ စင်ကာပူနှင့် ဟောင်ကောင်မြို့တွေဟာ ကမ္ဘာမှာ ဈေးအကြီးဆုံးမြို့တွေဖြစ်

၁၉ မတ်

ပဲရစ်၊ စင်ကာပူနှင့် ဟောင်ကောင်မြို့တွေဟာ ကမ္ဘာမှာ ဈေးအကြီးဆုံးမြို့တွေအဖြစ် စီးပွားရေး သတင်းစုဆောင်းရေးဌာနရဲ့ သုတေသနအရ သိရပါတယ်။  မြို့သုံးမြို့က ပထမနေရာကို ခွဲယူရတာ နှစ် ၃၀ တွင်းမှာ ပထမအကြိမ်ဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကတ်မြို့ကတော့ ဈေးအပေါဆုံးမြို့ဖြစ်ပါတယ်။

အဲဒီသုတေသနထုတ်ပြန်ဖို့ အတွက် မြို့ပေါင်း ၁၃၃ မြို့တွေရဲ့ ထုတ်လုပ်ကုန် ပစ္စည်း ၁၆၀ မျိုး၊ ဝန်ဆောင်မှုစရိတ်၊ အစားအသောက်၊ ခရီးသွားလာရေး၊ အဝတ်အထည်၊ ကျောင်းစရိတ်၊ အပန်းဖြေစရိတ်နှင့် အိမ်ငှားစရိတ် တို့ကို လေ့လာပြီးမှ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

 

mdn

 

ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မြို့ဟာ ပြီးခဲ့တဲ့နှစ်က ဒုတိယဈေးအကြီးဆုံးမြို့တော်ဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်ကတော့ အဆင့် ၇ မှာရှိနေခဲ့ပါတယ်။

ပဲရစ်မှာ အမျိုးသားတစ်ဦးအတွက် ကုတ်အင်္ကျီနှင့် ဘောင်းဘီပါ ဝတ်စုံတစ်စုံကို အတိုင်းနဲ့ချုပ်ရာတွင် အမေရိကန် ဒေါ်လာ ၂၀ဝ၀ ဝန်းကျင်ပေးရပြီး အမျိုးသမီးတစ်ဦး ဆံပင်ညှပ်ရာတွင် အမေရိကန် ဒေါ်လာ ၁၂၀ ပေးရကြောင်း သုတေသနမှာ ဖော်ပြထားပါတယ်။

ဈေးအကြီးဆုံး မြို့တော် ပထမ ၁၀ မြို့ဟာ အာရှနဲ့ ဥရောပမြို့တွေ ဖြစ်တာကို တွေ့ရပါတယ်။ အိုဆာကာ အဆင့် ၅ နှင့် ဆိုးလ် အဆင့် ၇ အဖြစ် ပူးတွဲရယူတဲ့ အာရှမြို့တွေဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဇူးရစ် အဆင့် ၄၊ ဂျီနီဗာ အဆင့် ၅ နှင့် ကိုပင်ဟေဂင် အဆင့် ၇ တို့ဖြစ်ကြောင်း သိရပါတယ်။

မြောက်အမေရိကတိုက်ကို ကိုယ်စားပြုတဲ့ အမေရိကန်မြို့တော် နယူးယောက်မြို့ဟာလည်း အဆင့် ၇ ရှိပြီး လော့အန်ဂျလိစ် နှင့် အစ္စရေးနိုင်ငံ တယ်လဘိ ကတော့ အဆင့် ၁၀ ပူးတွဲယူသွားကြပါတယ်။

MDN
ကိုကား - AFP

 

mdn