မြင်းမူ ၁၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်အတွင်းရှိ ပဲတီစိမ်းစိုက်ပျိုးသော ဒေသခံတောင်သူများအနေဖြင့် ယခုနှစ်တွင် ပဲအထွက်နှုန်းနည်းပါးသဖြင့် ယခင်နှစ်များထက် အမြတ်အစွန်းနည်းကြောင်း သိရသည်။
“ကျွန်တော်တို့နယ်ဘက်က တောင်သူအများစုက ပဲတီစိမ်းစိုက်တာ များပါတယ်၊ အရင်နှစ်တွေက ပဲအထွက်များတဲ့ အတွက် အမြတ်အစွန်း ပိုရပါတယ်၊ အခုနှစ်က ပဲအထွက်နည်းတဲ့အတွက် ဝင်ငွေအရ နည်းပါတယ်၊ ပဲတီစိမ်းသီးနှံက ဈေးကွက်ခိုင်မာတဲ့ သီးနှံဖြစ်သည့်အတွက် တောင်သူအများအပြား စိုက်ပျိုးလျက် ရှိပါတယ်” ဟု မြင်းမူမြို့နယ်၊ ကန်ဖျား ကျေးရွာမှ ပဲတီစိမ်းစိုက်တောင်သူ ဦးမောင်မောင်ကြိုင်က ပြောသည်။
ပဲတီစိမ်းသီးနှံမှာ နှစ်စဉ်ဈေးကွက်ကောင်းသော သီးနှံဖြစ်သောကြောင့် မြင်းမူမြို့နယ်ရှိ ဒေသခံတောင်သူ အများစု စိုက်ပျိုးသော သီးနှံဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)


