ဆီဆိုင် ဇူလိုင် ၁၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံ တိုင်းရင်းသာပြည်သူများ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် အသုံးပြုသွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထင်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရွှေသာထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ပရဟိတ အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က လူစည်ကားရာ နေရာဖြစ်သော ဆီဆိုင်မြို့မဈေးရှေ့ ဆီဆိုင်-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာသော မိဘပြည်သူများ၊ မြို့မဈေးအတွင်း/အပြင်နှင့် ယာယီပျံကျဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် စနစ်တကျ နှာခေါင်းစည်းတပ်ဆင်ရေး၊ လူစုလူဝေး မပြုလုပ်ပါရန်နှင့် နေအိမ်ပြင်ပ ထွက်ခွာပါက မဖြစ်မနေနှာခေါင်းစည်း တပ်ဆင်သွားလာကြရေး၊ လက်ကိုမကြာခဏ ဆေးကြောရန် စသည်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


