ဟိုပုံး ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် Volunteer အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နှာခေါင်းစည်း(Mask) များကို ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နေအိမ်မှအပြင်သို့ ထွက်သည့်အချိန်တိုင်း၊ လူစည်ကားရာနေရာများသို့ သွားလာသည့်အချိန်တိုင်း နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ကြရန်တို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)


