ဟိုပုံး ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် စီမံခန့်ခွဲမှုကော်မတီ၊ စီမံကိန်းကြီးကြပ်မှုကော်မတီမှ ချေးငွေရယူထားသည့် အစုအဖွဲ့မျာနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကား ပြောကြားပြီး ချေးငွေရယူထားသည့် အစုအဖွဲ့များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ/ စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များ၊ ချေးငွေရယူထားသည့် အစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ပအိုဝ်း(ပြန်/ဆက်)


