ကျောင်းကုန်း ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုင်းတာကျေးရွာသွား လမ်းတွင် ဇူလိုင် ၇ ရက် ညက အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ပစ္စည်းလု၍ ဓားဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ကြောင်း မြို့မစခန်းမှ သိရသည်။
အဆိုပါ ပစ္စည်းလု လူသတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများ ဖမ်းဆီးရမိရေး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်းပိတ်ဆို့ရှာဖွေခဲ့ပြီး ဇူလိုင် ၉ ရက် နံနက် ၆ နာရီခန့်တွင် နေအိမ်သို့ ပြန်လာသော ပြစ်မှုကျူးလွန်သူ ထွန်းလင်းနိုင်(၁၉)နှစ်နှင့် ရှိုင်းထက်အောင်(ခ)ဝကြီး (၁၉)နှစ် တို့နှစ်ဦး ဝတ်ဆင်ထားသော အားကစားဘောင်းဘီအတို အိတ်ကပ်အတွင်းမှ လက်ကောက် တစ်ကွင်း၊ အပြာရောင် ကျောက်ဆွဲသီး တစ်ခုနှင့် ဟွန်ဒါ ၁၀၀ (ကျောက်စိမ်းရောင်)ဆိုင်ကယ်တို့ကို သိမ်းဆည်း ရမိပြီး ကျောင်းကုန်းမြို့မစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)