ဂန့်ဂေါ ဇွန် ၁၈

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဆင-ရဲလှလမ်းပိုင်း မြေသားတာဘောင် ချဲ့ခြင်းနှင့် မြေနီဂျင်း/ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း) ကျပ်သန်း ၁၆.၅၀ ဖြင့် မြေသားတာဘောင် ၂၄ ပေအကျယ်ချဲ့ခြင်း၊ မြေနီဂျင်း/ ကျောက်ရောမြေ ၁၈ ပေနှင့် ၆ လက်မထုခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါလမ်း ပြီးစီးပြီဖြစ်သည့်အတွက် ရဲလှကျေးရွာမှထွက်ရှိသည့် နှမ်းနှင့်ပဲအမျိုးမျိုး စသည့် ထွက်ကုန်များ ဈေးကွက်ရှိရာသို့ လွယ်လင့်တကူ ပို့ဆောင်နိုင်ကြတော့မည်ဖြစ်ကြောင်း သိရသည်။

 

ကြည့်ရှုစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးသူရစိုး၊ အငယ်တန်းအင်ဂျင်နီယာ(၂) (မြို့ပြ) ဒေါ်လဲ့ဖြူစန်း နှင့် တာဝန်ရှိသူများသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)