၁၈ ဇူလိုင်
အီရတ်နိုင်ငံမြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ကူဒစ်ရှ်တွင် ဗုဒ္ဓဟူးနေ့က သေနတ်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားရာ တူရကီသံတမန်တစ်ဦးအပါအဝင် လူနှစ်ဦးသေဆုံးခဲ့သည်။
သေနတ်သမားသည် အာဘီမြို့ရှိ စားသောက်ဆိုင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး လူနှစ်ဦးသေဆုံးကာ အခြားသူတစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
အခင်းဖြစ်စဉ်သေဆုံးခဲ့သူများထဲမှာ အဆိုပါမြို့တွင် သံတမန်အဖြစ် တာဝန်ထမ်းဆောင်နေ သူတစ်ဦးပါဝင်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကိုပြုလုပ်သူသည် အခင်းဖြစ်ပွားပြီးချင်း ထွက်ပြေးသွားခြင်းကြောင့် တာဝန်ရှိသူများက ပိုက်စိပ်တိုက်ရှာဖွေခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့၏ လက်ချက်မှန်း မသိရသေးပေ။
တူရကီအကြမ်းဖက်အုပ်စုဖြစ်သည့် အီရတ်နိုင်ငံမြောက်ပိုင်းစစ်သွေးကြွအုပ်စုမှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တူရကီနိုင်ငံက ထပ်ခါတလဲလဲ ပြောဆိုလျက်ရှိသည်။
ပြီးခဲ့သည့် သောကြာနေ့မှစပြီး တူရကီက နယ်စပ်သို့ မြေပြင်တပ်ဖွဲ့များ စတင်စေလွှတ်ခဲ့သည်။ တူရကီနိုင်ငံ တွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း မည်သို့ချိတ်ဆက်မှုရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရှိရပေ။
တူရကီသမ္မတ ရီဆက်အာဒိုဂန်က အီရတ်နိုင်ငံနှင့်ပူးပေါင်း၍ တိုက်ခိုက်သူများကို ဖမ်းဆီးရန် ကတိပြုခဲ့သည်။
အာဘီတွင် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ပြန်ချက်တစ်ခု အတွင်း ပြစ်တင်ရှုတ်လိုက်သည်။ အီရတ်နှင့်တူရကီ အစိုးရနှင့်ပြည်သူများအား ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း မိုက်ပွန်ပီယိုက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်