ပစ်မှတ်ထားကာ ဆိုက်ဘာတိုက်ခိုက်ခြင်းခံရဟု ဩစတြေးလျပြော

ဆစ်ဒနီ ၁၉  ဇွန်

 

ဩစတြေးလျအစိုးရသည် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းဆိုက်ဘာတိုက်ခိုက်ခံရမှုကို ရည်ရွယ် ကြံစည်ထားသည့် တိုက်ခိုက်မှုလုပ်ရပ်ဟု ဝန်ကြီးချုပ် စကော့မောရစ်ဆန်က ပြောဆိုသည်။

 

ဇွန် ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စကော့မောရစ်ဆန်က ဆိုက်ဘာတိုက်ခိုက်ခံရမှု အကြောင်းကို ပြောကြားခဲ့ပြီး ကဏ္ဍအသီးသီးရှိ ဩစတြေးလျအဖွဲ့အစည်းများကို ပစ်မှတ်ထားကာ တိုက်ခိုက်ခံရ ကြောင်း အစိုးရလုပ်ငန်းများ၊ နိုင်ငံရေးအဖွဲ့ အစည်းများ၊ ပညာရေး၊ ကျန်းမာရေး မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

 

မည်သည့်စီးပွားရေးလုပ်ငန်း သို့မဟုတ် အေဂျင်စီသည် ဆိုက်ဘာတိုက်ခိုက်ခံရသည်ကိုမူ အတိအကျပြောမသွား ခဲ့ပေ။ ယခုဆိုက်ဘာ တိုက်ခိုက်ခံရမှု၏ နောက်ကွယ်မှ အဖွဲ့အစည်းနှင့် ပတ်သက်ပြီး မည်သည့်နိုင်ငံကို သံသယရှိ ကြောင်းကိုလည်း ပြောကြားသွားခြင်းမရှိပေ။

 

ယခုတစ်ကြိမ် တိုက်ခိုက်ခံရမှုမှာ လွန်စွာထင်ရှားသည့် စွမ်းရည်များဖြင့် နိုင်ငံအခြေစိုက် တိုက်ခိုက်မှုပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုက်ခိုက်မှုမျိုးပြုလုပ်နိုင်သည့် အဖွဲ့အစည်းမှာ များများစားစားမရှိကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။


ဆိုက်ဘာတိုက်ခိုက်ခံရမှုမှာ ယခုတစ်ကြိမ်မှ တိုက်ခိုက် ခံရခြင်းမဟုတ်ကြောင်း၊ ယင်းကဲ့သို့ခြိမ်းခြောက်မှုမှာ ဩစတြေးလျက ပုံမှန်ကြုံတွေ့နေကျဖြစ်ကြောင်း၊ တိုက်ခိုက်ခံရသည့် အကြိမ်အရေအတွက်မှာ များပြားလာသည့် အတွက် ထုတ်ဖော်ပြောကြားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

သည်ဂါဒီးယန်း