နောင်ချို  ဒီဇင်ဘာ ၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးဇော်ကိုဆန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်သူ နှစ်ဦးအား မိဘအုပ်ထိန်းသူများ ရှေ့မှောက်တွင် ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က အလင်းဝင်ရောက်သူ နှစ်ဦးအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)